Thura

မြန်မာ online ရောင်းသူတွေအတွက် ဘောက်ချာ app

ရောင်းတာက သင့်အလုပ်။
စာရိုက်တာက သူရ အလုပ်။

ပစ္စည်းနဲ့ ဖောက်သည်ကို ရွေးပြီး ဘောက်ချာ ထုတ်ပါ။ ဖောက်သည်ဟောင်းရဲ့ အချက်အလက်တွေကို သိမ်းထားပြီး နောက်တစ်ခါ ပြန်ရွေးသုံးနိုင်ပါတယ်။

Google နဲ့ ဝင်ပါ · Card မလိုပါ · တစ်လ ဘောက်ချာ 20 စောင် အခမဲ့

လက်ရှိ app · နမူနာ အရောင်း (စိတ်ကူး ဆိုင်နဲ့ ဖောက်သည်)

တကယ့် app မှာ ဘယ်လို သုံးရလဲ

သုံးဆင့်ပဲ။ ပစ္စည်းကို တစ်ခါ ထည့်ထားရင် နောက်ပိုင်း ရွေးရုံပါ။

  1. 1

    ပစ္စည်း ထည့်ပါ

    နာမည်နဲ့ ဈေးနှုန်း — ဒါပဲ လိုပါတယ်။ ပုံနဲ့ အရွယ်အစားတွေ နောက်မှ ထည့်နိုင်ပါတယ်။

    ပစ္စည်း အသစ် · ချောကလက်ကိတ် 12,000 Ks
  2. 2

    ဘောက်ချာ ထုတ်ပါ

    ပစ္စည်း ရွေးပါ။ ဖောက်သည် နာမည် စရိုက်ရင် သိမ်းထားတဲ့သူ ပေါ်လာပြီး ရွေးလို့ ရပါတယ် — အသစ်ဆို ရိုက်ထည့်ပါ။

    ပစ္စည်း တူတူ၊ သိမ်းထားတဲ့ ဖောက်သည် ရွေးထားပြီး
  3. 3

    ဘောက်ချာ မျှဝေပါ

    ပုံအဖြစ် ထွက်လာပါတယ်။ မျှဝေ ဒါမှမဟုတ် ဒေါင်းလုဒ်ပြီး Messenger / Viber / Telegram ကနေ ပို့ပါ။

    ထွက်လာတဲ့ ဘောက်ချာ — မျှဝေဖို့ အသင့်

ဘာတွေ ရမလဲ

အခု ရှိပြီးသား လုပ်ဆောင်ချက်တွေပဲ။

  • ဘောက်ချာ စက္ကန့်ပိုင်း

    ရောင်းပြီးတိုင်း ဆိုင်အမည်ပါ ဘောက်ချာ တစ်စောင်။

  • ဖောက်သည် မှတ်တမ်း

    ဘောက်ချာမှာ နာမည် ဖြည့်ပြီး သိမ်းလိုက်ရင် ဖောက်သည်စာရင်းထဲ ရောက်ပါတယ်။ နောက်တစ်ခါ နာမည် စရိုက်ရုံနဲ့ ရွေးလို့ ရပါတယ်။

  • အမြတ် တွက်ပေးမယ် (Pro)

    ဝယ်ဈေး ထည့်ထားရင် ဘောက်ချာတိုင်းမှာ အမြတ် မြင်ရပါမယ်။

  • ကိုယ်ပိုင် ဆိုင်လင့်ခ်

    ဝယ်သူတွေ ပစ္စည်းကြည့်ပြီး အော်ဒါစာကို chat ကနေ ပို့နိုင်ပါတယ်။

ဆိုင်လင့်ခ် — ဝယ်သူ မြင်ရတဲ့ စာမျက်နှာ

ဈေးနှုန်း

အခမဲ့ အရင် စမ်းပါ။ အဆင်ပြေမှ Pro ပြောင်းပါ။

အခမဲ့

0 Ks

သက်တမ်း မကုန်ပါ

  • တစ်လ ဘောက်ချာ 20 စောင်
  • ဖောက်သည် 20 ဦး အထိ
  • ပစ္စည်း 10 မျိုး အထိ
  • ကိုယ်ပိုင် ဆိုင်လင့်ခ်
  • ဘောက်ချာ ပုံ မျှဝေ / ဒေါင်းလုဒ်

Pro

30,000 Ks / 30 ရက် · မြန်မာ

฿299 / 30 ရက် · ထိုင်း

  • ဘောက်ချာ အကန့်အသတ် မရှိ
  • ဖောက်သည် အကန့်အသတ် မရှိ
  • ဝယ်ဈေးနဲ့ အမြတ် တွက်ချက်မှု
  • ·ဘောက်ချာနဲ့ ဆိုင်လင့်ခ်မှာ PRO အမှတ်အသား (အတည်ပြုချက် မဟုတ်ပါ)

Pro ပြောင်းနည်း — Ks ဆို KBZPay၊ ฿ ဆို PromptPay။ လွှဲပြီး screenshot တင်ပါ။ စစ်ပြီးရင် Pro 30 ရက် ဖွင့်ပေးပါမယ်။

မေးလေ့ရှိတာတွေ

အခမဲ့ ဘယ်လောက် သုံးလို့ ရလဲ
တစ်လ ဘောက်ချာ 20 စောင် — လတိုင်း (မြန်မာစံတော်ချိန်) အသစ် ပြန်စပါတယ်။ ဖောက်သည် 20 နဲ့ ပစ္စည်း 10 က သိမ်းနိုင်တဲ့ အရေအတွက်ပါ။ လစဉ် ဘောက်ချာအရေအတွက် ပြန်စတဲ့အခါ သိမ်းထားတဲ့ ဖောက်သည်နဲ့ ပစ္စည်းတွေကို မဖျက်ပါ။
စဖို့ ဘာလိုလဲ
Google အကောင့်နဲ့ ဆိုင်နာမည်။ ဖုန်းနံပါတ် ထည့်ရင် ဘောက်ချာမှာ ပါပါမယ်။
ဘောက်ချာကို ဘယ်လို ပို့ရလဲ
ပုံအဖြစ် ထွက်လာပါတယ်။ မျှဝေ ဒါမှမဟုတ် ဒေါင်းလုဒ်ပြီး ဘယ် chat app ကနေမဆို ပို့ပါ။
App ဒေါင်းရလား
Browser ကနေ သုံးပါ။ ဖုန်း home screen မှာ ထည့်ထားလို့ ရပါတယ်။
ဘာသာစကား
App ထဲမှာ မြန်မာလို။ ဒီ website က မြန်မာ / English နှစ်မျိုး။
အကူအညီ လိုရင်
Telegram @ko_thura_pro ဒါမှမဟုတ် email [email protected]။

ဒီနေ့ပဲ စလိုက်ပါ

Google နဲ့ ဝင်ပါ၊ ဆိုင်နာမည် ထည့်ပါ — ပြီးရင် ပထမဆုံး ဘောက်ချာ ထုတ်လို့ ရပါပြီ။